Saturday, October 8, 2011

အမေပြောပြတဲ့ အဖေ့အကြောင်း

(၁)
အဖေ့ဘ၀မှာ
အရက် နှစ်ခါတိတိသာ သောက်ခဲ့ဖူးတယ်တဲ့ 

တခါက အိမ်ထောင်ဦးည
နောက်တခါက သမီးဦးမွေးစ
နှစ်ခါစလုံးမှာ ရန်ရှာဖို့ဝေးစွ
အမေ့ရှေ့မှာလာ မျက်ရည်ကျ
ဝမ်းသာအားရ အမေပြောပြောနေကျ့ 


(၂)
အိမ်ထောင်ဦးည အရက်တခွက်
သူ့ဘော်ဒါများရဲ့ ထိုးနှက်ချက်
မူးလို့အပြီးမှာ အမေ့ခြေဖက်
မျက်ရည်များနဲ့ တောင်းပန်ခဲ့
ကတိတွေထားတဲ့ တောင်းပန်ချက်
နောက်အကြိမ်တခွက်နဲ့ ဝေးကွာခဲ့ 

သမီးဦးမွေးတဲ့ ရက်နံနက်
တောင်းတချက်ပြည့်သူ အဖေ့အတွက်
ဆုဒဏ်ပေးရန် အမေ့ဥာဏ်သွက်
မီးနေအတွင်းမှာ သောက်ရန်အရက်
အလှမ်းကွာခဲ့ရှာ နောက်တခွက်
သောက်လို့အပြီးမှာ မျက်ရည်နဲ့ 

(၃)
ဘ၀နိဂုံး အဆုံးသာသတ်သွား
မူးခြင်းအမှုကို မနှစ်သက်လို့လေပဲလား
ကတိတရားကို လေးစားလို့လေပဲလား
ဇနီး၊ သားသမီးများကို ချစ်လို့လေပဲလား
့ 

အဖေ့ဘ၀မှာ
အရက် နှစ်ခါတိတိသာ သောက်ခဲ့ဖူးတယ် တဲ့
ဝမ်းသာအားရ အမေပြောပြောပြခဲ့ဖူးတယ်။         ။

လူဗိုလ်
၆ ၊ ၅ ၊ ၀၆

0 အကြံပြု ထင်မြင်ချက်များ:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes