Wednesday, October 5, 2011

ဘာကို ရွှေးချယ်မလဲ

“ဟီး … ဟီး ….
ကယ်ကြပါဦးဗျာ ….”
လူတစ်ယောက်က ငိုပြီး အကူအညီတောင်းနေလေရဲ့  …။
ဘာဖြစ်တာလဲလို့ မသိဘူး။ သွားမေးဦးမှပဲ။
“ဒီမှာ .. ဟေ့လူ … ခင်များ ဘာဖြစ်လို့ ငိုနေတာလဲ .. ”
ထိုလူက ကျွန်တော့်ကို တစ်ချက်လှည့်ကြည့်ပြီး ဆက်ငိုနေပြန်တယ်။
“ဟီး”
“ဟောဗျာ .. ခက်တာပဲ … ခင်များဘာဖြစ်တာလဲဗျ … လူတွေဝိုင်းကြည့်နေတယ် ခင်များကို”
“ဟီး”
သူက ငိုပြီး ကျွန်တော်ကို ကြည့်တယ်။ ပြီးတော့
“ဟီး .. ခင်များက ကူညီနိုင်မှာ မို့လား” တဲ့ ..။
“ပြောကြည့်လေ .. ခင်များမှာ ဘာပြဿနာ ရှိလို့လဲ ”
“ဒီလိုဗျ ..
…………………..
………………………………….
………………………………………………………..”
“အဲ…”
“………………………………………………………..”

ကျွန်တော်ဘာမှ မပြောဘဲ ထိုလူဆီက လှည့်ထွက်လာခဲ့ပါတယ်။ ဘာအကူအညီမှလည်း မပေးနိုင်ခဲ့ပါဘူး။

သူ့ အဖြစ်က ဒီလို…။
သူက မျက်စိက မှုန်တယ်။ (မျက်မှန်နဲ့ဆိုပါတော့)
သူသွားရမယ့်လမ်းက မှောင်မည်းနေတယ်ဗျ။
သူရဲ့ ဘယ်ဘက်လက်မှာ မျက်မှန်တစ်လက်၊ သူ့ရဲ့ညာဘက်လက်မှာ မီးအိမ်တစ်လုံးနဲ့။
ဂိတ်စောင့်က ပစ္စည်းတစ်ခုပဲ သူ့ကို ယူခွင့်ပြုမယ်ဆိုလို့ သူဘာကို ယူရမှာလဲတဲ့..။
ကဲ .. ခင်များဆိုရင်ရော …

အင်း .. ဘ၀မှာ လိုချင်တာ နှစ်ခုရှိရင် .. တစ်ခုကို တော့ စွန့်လွတ်ရတတ်တယ်။ ခင်များတို့ ဘာကို စွန့်လွတ်ကြမလဲ ..။ ဘာကိုကော ရယူကြမှာလဲ..။

“ life is full of choice” တဲ့ …။ ကံကြမ္မာက ခင်များကို သေချာပေါက် ဒီတစ်ခုပဲလို့တော့ ဘယ်တော့မှ ပေးမှာမဟုတ်ဘူး။ ခင်များအတွက် အမြဲတမ်း ရွေးချယ်စရာတွေ ပေးထားမှာပါ။ ကျွန်တော်တို့ ဘာကို ရွေးချယ်ကြမလဲ..။
သေချာတယ်။ တခါတလေ ခင်များမရွေးချယ်ရင် … ခင်များကို ပြန်ရွေးချယ်သွားကြလိမ့်မယ်။ အင်း..။ ခင်များကော အဲဒီလူလို ဘ၀မှာ ရွေးချယ်ရတော့မယ်ဆိုရင် .. ဘာကို ရွေးချယ်မလဲ.။

ရင်နင့်အောင်

0 အကြံပြု ထင်မြင်ချက်များ:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes