Thursday, July 12, 2012

အက္ခရာဆန်သော သူများ

(က) “ဘာကွ မင်းက ဘာကို အပေါင်ထားမယ် ပြန်ပြောစမ်းပါဦး” “ဟုတ်. ကျွန်တော် မနက်ဖြန်ကို အပေါင်ထားချင်ပါတယ်” “မနက်ဖြန်က ဘယ်လောက်တန်လို့လဲကွ” “တန်ပါတယ်… ခင်ဗျား လုပ်ရပ်အတိုင်း အတိုင်းအဆမဲ့ တန်ပါလိမ့်မယ်” “အေး.. ငါက အိပ်နေရင်ရောကွာ” “ခင်ဗျားအိပ်နေရင်တော့ ခင်ဗျားအိပ်ယာလောက်ပဲ တန်ပါလိမ့်မယ်” “ဟေ.. တော်ကွာ.. အလုပ်ရှုပ်တယ် အပေါင်မခံနိုင်ဘူး… ရွှေပဲ အပေါင်ခံတယ် ဒါပဲ .. သွားတော့” ကျွန်တော် ဘာမှ ပြန်မပြောတော့ဘဲ ထွက်ခဲ့လိုက်ပါတယ်။ (ခ) “အနေအထိုင်သင်ချင်လို့ပါ ဆရာ” ဗေဒင်ဆရာကြီးက မျက်မှန်ကနေ ပြူးပြတယ်။ “နေပါဦး .. မင်းက အနေအထိုင် မတတ်လို့လားဟ” “ဟုတ်ပါတယ်” “ဆိုပါဦး .. ဘယ်လို အနေအထိုင်မတတ်တာလဲ” “ဟုတ်ကဲ့… ကျွန်တော် လမ်းလျှောက်ရင် ငုတ်တုပ်ကြီး ဖြစ်နေပြီး ထိုင်ရင် မတ်တပ်ကြီး ဖြစ်နေပါတယ်ဆရာ” “ဟေ …” “ကျွန်တော် အခု ဆရာ့ရှေ့မှာ မတ်တပ်ရပ်နေတာပါ ဒါပေမယ့် ဆရာထိုင်နေတယ်လို့ မြင်တယ်မလား” “အင် .....

Friday, November 11, 2011

တစ်စက္ကန့် အတ္ထုပ္ပတ္တိ

စက္ကန့်မလပ် မွေးဖွားသေဆုံးနေသောခံစားမှု ကုဋေ ကုဋာများရဲ့ အဆုံးေ၇ာင်းတန်းဝင် သံယောဇဉ် အချို့စွမ်းဆောင်ရည် ကျဆင်းလာခြင်းဘုံခုနှစ်ဆင့်မှ မေတ္တာတရားရဲ့ရောင်စုံမိုး ဖြာသွန်းခြင်းဇာတ်မြုပ်သွားသော သစ္စာတရားရဲ့ကောလဟာလ သတင်းအချို့ဖိနပ်ပါးအောင် လျှောက်ခဲ့ပြီးမှလိပ်စာမှားခဲ့တဲ့ နေ့ရက်တွေနဲ့မိုးလေ၀သ အထူးကြေငြာချက်ကြောင့်အိမ်ခေါင်မိုး ပေါက်ပြဲသွားခြင်းမှာဟိုမှာ တက်သစ်စ မော်ဒယ်လ်လေးရဲ့ ကြော်ငြာအသစ်စက္ကန့်မလပ် မွေးဖွား သေဆုံးနေသောခံစားမှု ကုဋေ ကုဋာများရဲက အဆုံး..။ မိုးအိမ...

Friday, October 21, 2011

တစ်နေ့တာ

သူငယ်တန်း ဦးနှောက်နဲ့ ဘ၀ ခေါက်ရိုးရာဖြေဖို့အမူးလွန်နေတဲ့ မျက်မှန်ကို တပ်ဆင်ကာရှာဖွေဦး….။ဘေးကြပ်နံကြပ် ဒုက္ခတွေကြားအပြောင်းအလဲများနဲ့ တည်မြဲလိုက်စဉ်တစ်ခါသုံး စိတ်ဓါတ်နဲ့ စေတနာထားကြပုံများလောကကြီးကိုက မတရားဘူးလူကူးမျဉ်းကြားဆွဲနေတဲ့ ငါ့ကိုမှကားနဲ့ ၀င်တိုက်ရတယ်လို့နေအ၀င်မှာ ကမ္ဘာက မှောင်ပေးလိုက်ပြီ။ ရင်နင့်အေ...

Monday, October 17, 2011

မြန်မာ

မြန်မာ။ ကျွန်တော် ခုတလောတွေးနေတာလေးပါ။ မြန်မာ။ မြောက်ဘက်အစွန်းမှာ ကချင်ပြည်နယ်တဲ့။ ကချင်တောင်တန်းကြီးတွေမှာ ရေခဲတောင်တွေရှိတယ်။ ရေခဲတောင်ဆိုတာ နိုင်ငံတိုင်းမှာ ရှိတာမဟုတ်။ တောကြီးတွေ။ တောင်ကြီးတွေ။ စိမ်းလန်းတဲ့ ရေ၊မြေသဘာဝတွေနဲ့။ အော်… ဒါဟာ ငါတို့ မြန်မာ။ အနောက်ဘက်မှာ ချင်းပြည်နယ်။ တောတောင်ရေမြေ အေးချမ်းတဲ့ ပြည်နယ်တစ်ခု။ သဘာဝတရားကို စားသုံးနေကြတဲ့ လူမျိုးတွေရယ်လို့ တင်စားလိုက်ချင်။ အော် .. ဒါလည်း ငါတို့ မြန်မာ။ အရှေ့ကို ကြည့်ပြန်လေတော့ ရှမ်းရိုးမရဲ့ ချစ်စရာကောင်းတဲ့ အိုးစည်သံတွေကြား အင်းလေးကိုတောင် ကျွန်တော်လွမ်းရပြန်ရောလေ။ ရှမ်းထမင်းချဉ်နဲ့ ရှမ်းတို့ဟူးနွေးနွေးကိုစားလို့ ရှမ်းဈေးညရဲ့ မှိုင်းပြပြကောင်းကင်မှာ ငယ်ငယ်က အဖေနဲ့ ရှမ်းပြည်ကို လိုက်သွားဖူးတဲ့ အတိတ်တွေက ခုတော့ ခပ်ဝါးဝါး။ အော် .. ဒါလည်း ငါတို့မြန်မာ။ တောင်ဘက်အစွန်းက တို့နိုင်ငံရဲ့ အမြီးဖျားလေးမှာကော။ မြိတ်၊ ထားဝယ်၊ ကော့သောင်း။...

မြန်မာတွေ မေးခွန်းများ မေးကြပါ

by ရင်နင့်အောင် on Monday, 17 October 2011 at 09:24  “မေးခွန်းတွေမေးပါ။ မေးခွန်းတွေ မေးကြပါ။ မေးပြီးရင် ဖြေကြပါ။ မေးမည့်သူ မရှိလျှင် ကိုယ့်ဘာသာ မေးပြီး ကိုယ့်ဘာသာ ပြန်ဖြေကြပါ” ကျွန်တော်တို့တတွေ မေးခွန်းတွေမေးကြဖို့လိုပြီ။ ဒီတော့ ကျွန်တော်မေးပြီ။ ဖြေချင်သူများ ဖြေကြပါ။ အောက်ပါမေးခွန်းများအား ဖြေဆိုပါ။ ၁။ ခင်ဗျားမကြိုက်ဆုံး အမူအကျင့် (၃)ခုကို ပြောပါ။ ၂။ ခင်ဗျားရဲ့ ပတ်ဝန်းကျင်ဆိုတာ ဘယ်လောက်ကျယ်ဝန်းပါသလဲ။ ၃။ နာဂစ်ဖြစ်တုန်းက သွပ်ပြားဈေးတွေတက်ခဲ့တာ တရားမျှတပါသလား။ ၄။ လက်ရှိအစိုးရကို လက်ခံယုံကြည်ပါသလား။ ၅။ မြန်မာနိုင်ငံသည် ကမ္ဘာအဆင်းရဲဆုံးနိုင်ငံ ဖြစ်နေသည်ကို ပြောင်းလဲပစ်ဖို့ သင်ကြိုးစားမည်လား။ ၆။ ပြုပြင်ပြောင်းလဲရေးဆိုပြီး မြန်မာနိုင်ငံကြီး ကြိုးစားနေချိန်တွင် ခင်ဗျားက ဘာလုပ်ချင်သလဲ။ မေးခွန်း (၆)ခု မေးလိုက်ပါပြီ။ မေးခွန်းများသည် လူ့ဘ၀အတွက် ပညာရေးဖြစ်သည်။ ကလေးဘ၀ကတည်းက စတင်လာခဲ့သည့် ပညာရေးသည်...

Page 1 of 1312345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes