Thursday, July 12, 2012

အက္ခရာဆန်သော သူများ

(က) “ဘာကွ မင်းက ဘာကို အပေါင်ထားမယ် ပြန်ပြောစမ်းပါဦး” “ဟုတ်. ကျွန်တော် မနက်ဖြန်ကို အပေါင်ထားချင်ပါတယ်” “မနက်ဖြန်က ဘယ်လောက်တန်လို့လဲကွ” “တန်ပါတယ်… ခင်ဗျား လုပ်ရပ်အတိုင်း အတိုင်းအဆမဲ့ တန်ပါလိမ့်မယ်” “အေး.. ငါက အိပ်နေရင်ရောကွာ” “ခင်ဗျားအိပ်နေရင်တော့ ခင်ဗျားအိပ်ယာလောက်ပဲ တန်ပါလိမ့်မယ်” “ဟေ.. တော်ကွာ.. အလုပ်ရှုပ်တယ် အပေါင်မခံနိုင်ဘူး… ရွှေပဲ အပေါင်ခံတယ် ဒါပဲ .. သွားတော့” ကျွန်တော် ဘာမှ ပြန်မပြောတော့ဘဲ ထွက်ခဲ့လိုက်ပါတယ်။ (ခ) “အနေအထိုင်သင်ချင်လို့ပါ ဆရာ” ဗေဒင်ဆရာကြီးက မျက်မှန်ကနေ ပြူးပြတယ်။ “နေပါဦး .. မင်းက အနေအထိုင် မတတ်လို့လားဟ” “ဟုတ်ပါတယ်” “ဆိုပါဦး .. ဘယ်လို အနေအထိုင်မတတ်တာလဲ” “ဟုတ်ကဲ့… ကျွန်တော် လမ်းလျှောက်ရင် ငုတ်တုပ်ကြီး ဖြစ်နေပြီး ထိုင်ရင် မတ်တပ်ကြီး ဖြစ်နေပါတယ်ဆရာ” “ဟေ …” “ကျွန်တော် အခု ဆရာ့ရှေ့မှာ မတ်တပ်ရပ်နေတာပါ ဒါပေမယ့် ဆရာထိုင်နေတယ်လို့ မြင်တယ်မလား” “အင် .....

Page 1 of 1312345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes